Finland ပညာရေး

Finland ပညာရေးလို့ ပြောရင် အားလုံး စိတ်ဝင်စားကြတယ်။ အားလုံး ချီးကျူးကြတယ်။ ဘာ့ကြောင့်လဲ? ................................................................................................................................................................................................ "Finland မှာ ကျောင်းသားဦးရေရဲ့ ၉၃ ရာခိုင်နှုန်းက အထက်တန်း အောင်မြင်ကြတယ်။" ဒီ ရာခိုင်နှုန်းက ပညာရေး ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ U.S. နဲ့ Canada နိုင်ငံတွေထက် သာပါတယ်။ "U.S. မှာ ၇၅ ရာခိုင်နှုန်း အထက်တန်းအောင်မြင်ကြပြီး Canada မှာတော့ ၇၈ ရာခိုင်နှုန်း အောင်မြင်ကြတယ်။" Finland ပညာရေး အောင်မြင်ရခြင်းရဲ့ အဓိကအချက် (၂)ချက်ကို ပြောပါဆိုရင်တော့ သင်ကြားရေး ကောင်းမွန်ခြင်းနဲ့ အစိုးရ ထောက်ပံ့မှု ကောင်းခြင်းကြောင့် ဖြစ်တယ်။ ကျန်တာတွရော? ကျွန်တော်တို့ Finland ပညာရေးစနစ်ကနေ ဘာတွေ သင်ယူနိုင်မလဲ? ဖတ်ကြည့်ရအောင်! (၁) Finland မှာ စာမေးပွဲ စစ်ဆေးမှု (Test) တွေ နည်းတယ်။ ရွေးချယ်စရာ Option တွေ ရှိတယ်။ * Finland မှာ ကလေးအသက် (၇)နှစ် ပြည့်မှ Formal education စ,တယ်၊ ကျောင်း စ,ထားရပါတယ်။ တစ်တန်း စ,တက်ရတယ်ပေါ့။ * ...